Monday, 8 December 2008
သေနတ်ပစ်တတ်ရုံဖြင့် စစ်တိုက်လို့ မရ(၁)
ပြည်တွင်းစစ်လို့ပဲခေါ်ခေါ်၊ လက်နက်ကိုင်တော်လှန်ရေး ပဲပြောပြော နှစ်(၆၀)ုကာ ရေရှည်စစ်ကြီး မှာ စစ်တပ်ရဲ့ ဆန့် ကျင်ဘက် အဖွဲ့တွေ အင်အားချိနဲ့လာပြီး၊ တချို့ အဖွဲ့ တွေအမည်သာကျန်ပါတယ်။
ဗကပ၊ KNU၊ KIA စတဲ့ အဖွဲ့များ ဟာ တချိန်က အင်အား အတော်အတန်ရှိ ခဲ့ပြီး၊ ကျယ်ပြန့်တဲ့ အခြေခံနယ်မြေ များမှာ လှုပ်ရှားခဲ့ကြတယ်။
စစ်ပွဲပုံစံအမျိုးမျိုး ဖြင့် လက်နက်ကိုင်တော်လှန်ရေးဆင်နွဲသော်လည်း၊ ရရှိသော အောင်မြင်မှု တို့ မှာရည်မှန်းချက်အထိ အောင်ပွဲကိုအဆုံးသတ်မသတ်နိုင် တနည်းအား ဖြင့်ပြောရလျှင် စစ်တပ်ကိုအပြုတ်မတိုက်နိုင်ခဲ့ပါ။
“တော်လှန်ရေးတရပ်၏ ကုံကမာသည် တော်လှန်သူများ၏ အတွေးအခေါ်ပြတ်သားမှု၊ ဆုံးဖြတ်ချက်ခိုင်မာမှု၊ စနစ်တကျဆောင်ရွက်မှုတို့အပေါ်တွင် တည်မှီ နေသဖြင့် အတွေးအခေါ် ရှုပ်ထွေးေ၀၀ါးမှုများဖြင့် တော်လှန်ရေး၏အရှုံးကို ကိုယ်တိုင် မဆုံးဖြတ်မိစေရန် သတိပြုရမည်” တဲ့။
လွန်ခဲ့သော နှစ် (၆၀) ကို ယေဘုယျခြုံ၍ သုံးသပ်ုကည့်လျင်အောက်ပါ (၂)ချက်ကို တွေ့ရှိနိုင်သည်။
(၁) အတွေးအခေါ်ယုံကြည်ချက် တခုတည်းဖြင့် လက်နက်ကိုင်တော်လှန်ရေးဆင်နွဲ၍ အောင်ပွဲမရနိုင်၊
(၂) တော်လှန်ရေးအဖွဲ့များ၏ စနစ်တကျဆောင်ရွက်မှု့ချို့ယွင်းချက် (အထူးသဖြင့်စစ်တိုက်ရာတွင်)ေုကာင့်အောင်ပွဲမရခဲ့၊
ပထမ အချက်သည် ခက်ခဲနက်နဲသိမ်မွေ့ သော အပိုင်းဖြစ်ပြီး ကွဲပြားခြားနားချက် အမျိုးစုံ ရှိနိုင်သည်။ ဒုတိယ အချက်ကို သာအဓိကထားတင်ပြလိုပါသည်။
ဆက်ရန်

Subscribe to Posts [Atom]