Friday, 14 November 2008
စစ်မီးဟုန်းဟုန်းတောက်တော့မဲ့မြန်မာပြည်
ကျနော် ငယ်ငယ်က မိံ္စလေးမျက်ပါးရပ်မှာနေခဲ့တုံးက ခလရ(ရ၆)ထဲကိုနေ့ တိုင်း လိုရောက်ပါတယ်။(၁၉၉၂လောက်က အုန်းချောဘက်ရွှေ့သွားတယ်)။ ရ+၆=၁၃ unlucky လို့  လူသိများလို့ ဘယ်သူမှ အဲဒိတပ်ကိုမလာချင်ဘူး။
ရ၆ က အဲဒိတုံးက တပ်မ၆၆ လက်အောက်ခံ၊ ကရင်ူပည်နယ်ဘက်ကို ရှေ့တန်းထွက်ရတယ်။
ထွက်ပြီးမကြာသေးခင် တပတ်လောက်ကစလို့  အဖေ/ယောက်ျား ကျသွားလို့ လိုင်းထဲမှာငိုယိုသံတွေ ဆူညံလာတာ တပ်ရင်းနောက်တန်ူးပန်ဝင်လာတဲ့အထိ။ ၈၈ နောက်ပိုင်း မှာအကျအဆုံးအများဆုံးပါ။ မဲသဝေါမှာ တပ်ရင်းမှုး ဗမသီဟသူရကျော်ညွန့် ပါ ကျသွားတယ် ဆိုတော့ ကျန်တာတွေ စဉ်းစားသာုကည့်တော့။ သူငယ်ချင်းတယောက်အဖေကတော့ ရှေ့တန်းမလိုက်ရအောင် လက်ချောင်းတွေ တံခါးနဲ့ညှပ်ချိုးထားတာ ပါမသွာဘူး။
ကျန်ရစ်သူ မိသားစုတွေ ထိုက်ထိုက်တန်တန် လျော်ကြေး ထောက်ပံ့ေုကးမရုကပေမဲ့ နောက်တန်းမှုး သာလင်းက မ၀တ ဥက္ကဌလုပ်ူပီးထောသွားတာကိုလဲ ရ၆ မိသားစုတွေ သတိရနေတုံးပါ။
ဒီလို သေေုက ပျက်စီးရတာတွေဟာ နိုင်ငံ တ၀ှမ်းမှာဖြစ်ခဲ့တာ။
ေူမာင်ူးမမှာ သွားလည်တုံးကလဲ ရှေ့တန်းပြန်တွေကြိုနေတုံး မိန်းမတယောက် ယောက်ျားပြန် ပါမလာလို့ငိုပြီး သတိလစ်သွားတာတွေ့ခဲ့ဖူးတယ်။
ဒါတွေဟာ ကျနော် တွေ့ဖူးတဲူ့ပည်တွင်းစစ်ရဲ့မြို့ပေါ်အနိဌာရုံ တစိတ်တပိုင်းလောက်ပါ။
အခုတဖန်လဲ သမိုင်းတကျော့ပြန်လို့
စစ်ဆင်ရေုးကီးတွေ၊တိုက်ပွဲကြီးတွေူပန်လာတော့မယ်
နအဖ ရဲ့  အာဏာရူးကလိန်ကျမှု့တွေကြောင့် KIA,SSA,NMSP နှင့် ကိုးကန့် ဝ အစရှိတဲ့ အဖွဲ့ကြီးတွေဟာ စစ်ရေးပြင်ဆင်နေတာကြာပါပြီ။ ၂၀၁၀ မတိုင်ခင် နအဖ ကလဲ အကျပ်ကိုင်လက်နက်သိမ်းဖို့ မုကာခင် စတော့မှာ၊
နအဖ ဗိုလ်ချုပ်တွေရဲ့ အာဏာတည်ူမဲရေး အတွက် သေပွဲဝင်ပေုးကရမဲ့ ရဲဘော်တွေ စဉ်းစာုးကပါ။
''ဒို့ တွေရဲ့ပေးဆပ်မဲ့ အသက်သွေးချွေးတွေဟာ ဒင်းတို့  လက်တဆုပ်စာ လူတစုအတွက်လား'' ဆိုတာ။
ကျန်ခဲ့မဲ့ မိသားစုတွေ အတွက် ဒင်းတို့  ဘာတာဝန်ယူပေးမှာလဲ။ ကိုယ့်သား ကူလီူဖစ်၊ သမီး ဖာူဖစ်။ ဗိုလ်ချုပ်တွေက လှည့်တောင်ကြည့်မှာမဟုတ်ဘူး။ ရှေ့မှာ ဒါမျိုးအများကြီးရှိခဲ့ပြီ။ စုံစမ်ုးကည့်ုက၊ စဉ်းစားဆုံူးဖတ်ုက။

Subscribe to Posts [Atom]