Saturday 11 October 2008

အရေးယူခံရတော့မဲ့ ဘလော်ဂါတွေ

2007 ကစလို့ မြန်မာBlog တွေရေးတာ ခေတ်စားလာပါတယ်၊ (ပြည်ပရောက်စစ်ဗိုလ်ကျောင်းသားတွေလည်း အပါအ၀င်ပေါ့)၊ စိတ်ထဲရှိတာတွေ လွတ်လပ်စွာရေးလို့  ရတယ်၊ဆဲလို့ ရတယ်(ဆင်ဆာမရှိ)
ဒီ Blog တွေကို နအဖ ဗိုလ်ရှုပ်တွေက အမြင်မကြည်ဘူး၊အန္တရာယ်လို့ မြင်တယ် (ဒင်းတို့ မှ Computer မသုံးတတ် တာကိုး၊ ဂျေဝင်တာပေါ့)
ပြည်ပရောက် ပညာသင်စစ်ဗိုလ်တွေရဲ့ Blog တွေ ကို စရဖ အရေခြုံ ထောက်လှမ်းရေး က
ပိတ်ဆို့ဖို့ စတင်နေပြန်ပြီ၊ (၄င်းတို့ ရေးသားချက်တွေဟာ တပ်မတော်ရဲ့  သဘောထားမှန်မဟုတ်ဘူး၊ စည်းရုံးရေးစွမ်းရည် ကျဆင်းတယ် အစရှိတဲ့ reasons တွေနဲ့ BLOG ရေးတာတွေရပ်ဆိုင်းဖို့ ကကရေးက ညွန်ကြားချက် အမိန့် ထုတ်တော့မှာဖြစ် ပါတယ်)၊ အချင်းချင်း တွေထဲမှာလဲ Blog ဖတ်သူ၊ ရေးသူ တွေကို မှတ်သားပြီး အထက်ကို တင်ပြဖို့ အတွင်းစည်း ဒလန်တွေ ထည့်ထားပြီးကြောင်း သတင်း ရထားပါတယ်။

အတွင်းကျကျ သိသူ တဦးရဲ့  အပြောအရ---
*''ပြည်ချစ်ဘုန်းဘုန်း ရဲ့  ဆွေးနွေချက် ကို oppositeye က အမြီးအမောက်မတည့် ကမောက်ကမ တုံ့ ပြန်ချက်''

*"နေလွမ်းသူ ဘလော့ က ဗမာစစ်ဗိုလ်တွေ ယိုးဒယား ဖုံးလိုင်း သုံး၊ နယ်ခြားခိုးထွက်၊ မိုင်းထိကျဆုံး တာတွေ အမည်/အပတ်စဉ် နဲ့ တကွ ဖော်ပြ၊ etc......''
အစရှိတာတွေကို စရဖ က ပြလိုက်တော့ စစ်ရေးရှုပ် သူရမျင့်ကြောင် တယောက် ဒေါပွပြီး၊ သက်ဆိုင်ရာ အရာရှိ တွေကို စစ်စည်းကမ်းဖောက်ဖျက်မှူ့ ရေး-၃ နဲ့  ကိုင်ဖို့ ရှိနေတယ်။
(နောက်ဆက်တွဲ ကို ဆက်လက် တင်ပြ ပါမည်။)

Comments:
ဘလော့ရဲ့အောက်ခံအရောင်ကြောင့် စာဖတ်ရတာ အဆင်မပြေပါ။
 
Post a Comment

Subscribe to Post Comments [Atom]





<< Home

This page is powered by Blogger. Isn't yours?

Subscribe to Posts [Atom]