Friday, 31 October 2008

ထောက်ခံပါတယ်၊လုံးဝထောက်ခံပါတယ်၊

We fight We Win

ကျနော်တို ရဲ့ နိင်ငံရေးေုကွးကြော်သံ


လျှပ်စစ်မီးအပြည့် အ၀ရရှိရေး
လောင်စာအပြည့် အလုံအလောက်ဖြန့် ဖြူးပေး
ရေအားလျှပ်စစ် ကို ပြည်တွင်းမှာသာဖြန့် ဖြူပေး

လွတ်လပ်စွာရောင်းချခွင့်ရှိရေး
လွတ်လပ်စွာကုန်သွယ်ခွင့်ရှိရေး
ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ရှိရေး

ထူးသစ်ကုမဏီက သစ်တောတွေကိုခုတ်နေတာကို ချက်ခြင်းရပ်
လက်ဝါးကြီးအုပ်စီးပွားရေးကိုချက်ခြင်းရပ်
ပါမစ် စီးပွားရေးအလိုမရှိ ။

အသက် ၆၀ ကျော် သူတိုင်း တပ်မတော်ဦးစီးချုပ်က အနားယူ
ပြည်သူလူထု နဲ့ တပ်မတော်သားတွေကို မြက်ခုတ်၊ ခြုံရှင်းမြောင်းတူး မခိုင်းရ
ပြည်သူလူထုနဲ့  တပ်မတော်သား မိသားစုတွေကိုလေးလေးစားစား ဆက်ဆံ
တပ်မတော်ကိုခုတုံးလုပ် စီးပွားရေးလုပ်နေတဲ့ဗိုလ်ချုပ်နဲ့ သူတို့ အမျိုးတွေကို တပ်မတော်ကထုတ်ပယ်။

စက်မှု့ လုပ်ငန်းတွေ အတွက်လျှပ်စစ်မီးအလုံအလောက် ဖြန့် ပေး
စက်မှု့လက်မှု လုပ်ငန်းတွေကို ငွေကြေးထောက်ပံပေး
မြန်မာအမျိုးသား စက်မှု့လုပ်ငန်းရှင်တွေ ကိုအားပေး
လိုအပ်တဲ့ စက်ပစ္ဏည်းတွေ ကိုနိင်ငံခြားမှ ၀ယ်ယူခွင့်ပေး

အလုပ်အကိုင်များဖန်တီးခွင့်ရရှိရေး
လုပ်ခလစာ မိသားစု လုံလောက်အောင်တိုးမြှင့်ရရှိရေး
အလုပ်သမားသမဂ္ဂဖွဲ့ စည်းခွင့်ရရှိရေး
အလုပ်သမားများ ပညာသင်ကြားခွင့်ရရှိရေး
အလုပ်သမားများလုံလောက် ပြည့်ဝသော ပင်စင်ခံစားပိုင်ခွင့်ရရှိရေး

အမှန်တကယ်လယ်ယာစိုက်ပျိုးသူ လယ်ပိုင်ရေး
လယ်ယာမြေ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ပြုပေး
လွတ်လပ်စွာ စိုက်ပျိုး၊ရောင်းချ၊ သယ်ယူခွင့်ပေး

ကျောင်းသားသမဂ္ဂဖွဲ့ စည်းခွင့်ပေး
ကျောင်းသားတိုင်း ကို ပညာသင်စာရိတ်ပေး
မိမိနှစ်သာရာ ဘာသာကိုသင်ယူခွင့်ပေး
အထက်တန်းအထိအခမဲ့ပညာသင်ုကားခွင့်ပေး

မိခင်နဲ့ ကလေးငယ်များ အဟာရပြည်ဝစွာစားသောက်နိင်ရေး
မိခင်နဲ့ ကလေးငယ်များ ကျမ္မာရေး အပြည့်အ၀ ခံစားခွင့်ကိုပေး
မိခင်နဲ့ ကလေးသူငယ်များကို အုကမ်းဖက်မှု့မှ ကာကွယ်ပေး

သက်ုကီးရွယ်အိုများကို လူမှု့ဖူလုံရေးလုံလောက်အောင် ပေး
သက်ုကီးရွယ်အိုများကို ကျမ္မာရေးစောင့်ရှောက်မှုပေး
သက်ုကီးရွယ်အိုများကို နေထိုင်စရာ တည်ဆောက်ပေး
သက်ုကီးရွယ်အိုများကို ပျော်ရွှင်ချမ်းမြေ့မှု ကိုပေး
သာသာရေး သာသနာရေးလွတ်လပ်ခွင့်ပေး



(မိုးသီးဇွန် )

Wednesday, 29 October 2008

ဗုံးပေါက်ပြန်ပြီ

စွမ်းအားမြင့်အဖွဲ့ရဲ့လုပ်ရပ်တွေကို ကျုပ်နဲနဲမှ သဘောမကျဘူးဗျာ။
ဘယ်နှဲ့ ဖောက်နေတာ ထိထိမိမိ မရှိဘူး။
'အမာရှောင် အမွတိုက်' ဆိုသလို ရန်သူရဲ့ ပျော့ကွက်တွေ ကိုအပိုင်တွယ်စေချင်တယ်။၊ ရန်သူလဲအထိနာ၊ ပြည်သူတွေအထိအခိုက် မရှိ။
ကျုပ်စိတ်ကြိုက် ပစ်မှတ်တွေ ပြောရမယ်ဆိုယင်---
၁။ မဂ္လလာဒုံဈေး+DSMA+စစ်ဆေးရုံများ
၂။ စင်ထရယ် ဟိုတယ်
၃။ လန်ဒန်စီးကရက်+မြန်မာဘီယာစက်ရုံ+အင်းဝမြ၀တီဘဏ်များ
၎။ န၀ရတ်ရိပ်သာ၊ဆင်ဖြူရှင်ရိပ်သာ စတဲ့ အရာရှိအိမ်ယာများ
၅။ GE,ထောက်ပို့ စတဲ့ အထိုင်တပ်များ


အထက်ပါနေရာဌာနများမှာ ကင်း(လက်နက်ကိုင်)မရှိ။ မြန်မြန်သာချပေတော့ စွမ်းအားမြင့် ဆရာတို့ ရေ။။။။။




စာပေးသူ။ ။မောင်လုန်း

Sunday, 19 October 2008

မရဏစစ်သည် ရဲ့  အညတရနိဂုံး











စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ကျောင်းသားနှင့်KNU ပူးပေါင်းပျောက်ကျားအဖွဲ့သည် တမခ(၃၃)လက်အောက်ခံ၊ ရတခလရ(၄)ဒုရင်းမှူး ဦးစီး စစ်ေုကာင်း(၂) အခြေပြု ရာ ကျောက်ကြီးမြို့နယ် xDGpagစခန်းသိှုျ့ပ်တပြက် တိုက်ခိုက်ရာ၊ စစ်ေုကာင်းမှုး မှာ ခွေးပြေးဝက်ပြေး ဆုတ်ခွာသွားပြီး၊ တပ်ုကပ်တဦး အသေရ(ဓာတ်ပုံပါ)၊ အရာရှိ တဦးအပါအ၀င် (၉)ယောက်အရှင်ဖမ်းမိေုကာင်း၊ အသေမိသူမှာ တကသန်းဌေး ဖြစ်ကြောင်း၊ အရာရှိအမည်မှာ ကိုကို၊ dsa ဆင်းတာ (၂)(၃)နှစ်လောက်ပဲ ရှိသေးကြောင်း ဒေသခံများ မှသတင်းပေးပို့သည်။

Saturday, 18 October 2008

ရက်စက်ပါပေ့ကွယ်

မြန်မာစစ်အစိုးရ နှင့်ပုလင်းတူဗူးဆို့  စီးပွားရေးလုပ်စားနေတဲ့ ပြည်ပ Companyလုပ်ငန်ုးကီးတခု ကနေ ကန်ထရိုက်တခု ရဖို့  (လာဘ်ထိုးတဲ့သဘောပေါ့ဗျာ) မိုင်းထိတဲ့ တပ်မတော်သားလူနာများအတွက် ချိုင်းထောက်(နိုင်ငံခြားလုပ်အကောင်းစား)တွေ၊ wheelchair တွေ လှူဖို့ လုပ်ုကသတဲ့၊
ဒါကို ထုံးစံအတိုင်း အဆင့်ဆင့် တင်ပြလိုက်တော့ ထိပ်ဆုံးကသူရဘွဲ့ပိုင်ရှင်ကြီးက ပယ်ချတယ်တဲ့ဗျာ။
အနှီ အယာရှိကြီး ရဲ့  reason ကတော့ တပ်မတော်သိက္ခာ ကျစေသတဲ့၊
လုံလုံ လောက်လောက် မထောက်ပံ့နိုင် လို့  ခွက်ဆွဲ တောင်းစားနေရတဲ့ ဒုက္ခိတ ရဲဘော်ဟောင်းတွေ အများကြီးတွေ့ဖူးပါတယ်။
ဒီ ရဲဘော်တွေရဲ့ သက်သာချောင်ချိရေး ကို ဗိုလ်ချုပ်ကြီးတွေ ဟာ ဒင်းတို့  အလုပ်မဟုတ်သလို ဘဲ စိတ်မ၀င်စာုးကဘူး၊
သူတို့  သိတာက အလုပ်တခု ဖြစ်လျှင် အိတ်ထဲ $$$$ ဘယ်လောက်ဝင်မလဲ။ (ဒါဘဲ)
ပြည်ပcompany ရဲ့  ပွဲစား အငြိမ်းစား ဗိုလ်မှုးချုပ် ကတော့ ဒုက္ခိတ ရဲဘော်တွေ ကို လှူတာကို လက်မခံရကောင်းလားဆိုပြီး အရက်မူးတိုင်း ဆဲဆဲ နေလေရဲ့ ။


ပေးပို့ သူ။ ။ ချက်ကြီး

Monday, 13 October 2008

မော်စကိုရောက် ကလိန်ကညစ်များ

သိပဍ္ဎံ မောင်ဝ ရဲ့  ရေးဟန်နဲ့  စာဖွဲ့ လာတဲ့

Saturday, 11 October 2008

အရေးယူခံရတော့မဲ့ ဘလော်ဂါတွေ

2007 ကစလို့ မြန်မာBlog တွေရေးတာ ခေတ်စားလာပါတယ်၊ (ပြည်ပရောက်စစ်ဗိုလ်ကျောင်းသားတွေလည်း အပါအ၀င်ပေါ့)၊ စိတ်ထဲရှိတာတွေ လွတ်လပ်စွာရေးလို့  ရတယ်၊ဆဲလို့ ရတယ်(ဆင်ဆာမရှိ)
ဒီ Blog တွေကို နအဖ ဗိုလ်ရှုပ်တွေက အမြင်မကြည်ဘူး၊အန္တရာယ်လို့ မြင်တယ် (ဒင်းတို့ မှ Computer မသုံးတတ် တာကိုး၊ ဂျေဝင်တာပေါ့)
ပြည်ပရောက် ပညာသင်စစ်ဗိုလ်တွေရဲ့ Blog တွေ ကို စရဖ အရေခြုံ ထောက်လှမ်းရေး က
ပိတ်ဆို့ဖို့ စတင်နေပြန်ပြီ၊ (၄င်းတို့ ရေးသားချက်တွေဟာ တပ်မတော်ရဲ့  သဘောထားမှန်မဟုတ်ဘူး၊ စည်းရုံးရေးစွမ်းရည် ကျဆင်းတယ် အစရှိတဲ့ reasons တွေနဲ့ BLOG ရေးတာတွေရပ်ဆိုင်းဖို့ ကကရေးက ညွန်ကြားချက် အမိန့် ထုတ်တော့မှာဖြစ် ပါတယ်)၊ အချင်းချင်း တွေထဲမှာလဲ Blog ဖတ်သူ၊ ရေးသူ တွေကို မှတ်သားပြီး အထက်ကို တင်ပြဖို့ အတွင်းစည်း ဒလန်တွေ ထည့်ထားပြီးကြောင်း သတင်း ရထားပါတယ်။

အတွင်းကျကျ သိသူ တဦးရဲ့  အပြောအရ---
*''ပြည်ချစ်ဘုန်းဘုန်း ရဲ့  ဆွေးနွေချက် ကို oppositeye က အမြီးအမောက်မတည့် ကမောက်ကမ တုံ့ ပြန်ချက်''

*"နေလွမ်းသူ ဘလော့ က ဗမာစစ်ဗိုလ်တွေ ယိုးဒယား ဖုံးလိုင်း သုံး၊ နယ်ခြားခိုးထွက်၊ မိုင်းထိကျဆုံး တာတွေ အမည်/အပတ်စဉ် နဲ့ တကွ ဖော်ပြ၊ etc......''
အစရှိတာတွေကို စရဖ က ပြလိုက်တော့ စစ်ရေးရှုပ် သူရမျင့်ကြောင် တယောက် ဒေါပွပြီး၊ သက်ဆိုင်ရာ အရာရှိ တွေကို စစ်စည်းကမ်းဖောက်ဖျက်မှူ့ ရေး-၃ နဲ့  ကိုင်ဖို့ ရှိနေတယ်။
(နောက်ဆက်တွဲ ကို ဆက်လက် တင်ပြ ပါမည်။)

Friday, 10 October 2008

London ရောက် နအဖ စစ်တပ် ရဲ`့ Licence To Rape

West London, Sxxxxxxxရပ်ကွက် မှာအဓမ္မသားမယားပြုရန်ကြံစည်မှု့ တခု ဖြစ်ပွားခဲ့ပါတယ်။ Asylum အငြင်း(reject)ခံရ ပြီး၊deport အလုပ်ခံရမှာ ကြောက်နေရတဲ့ တိုင်းရင်းသူလေး တယောက်ကိုနအဖ ဗိုလ်မှုးဟောင်း(ယခုဦးပိုင်)ရဲ့သားက ခြိမ်းချောက်ပြီးအကြမ်းဖက်စဉ်၊ အိမ်သားများက အချိန်မီ ကာကွယ်နိုင်လိုက်ပါတယ်။ ဒါကို မကျေနပ်တဲ့ ဗိုလ်မှုးသား က ''မင်းတို့ ကို သံရုံးနဲ့ တိုင်မယ်'' လို`့ကျိန်းမောင်းပြီး၊ နောက်တနေ့ HxxxxxxEast ဘက်ကို အိမ်ပြောင်းပြေး သွားပါတယ်။၎င်းရဲ့ ဖခင်ဗိုလ်မှုးဟာ လက်ရှိ UK သံအမတ်နဲ့ တပ်ရင်းတရင်းထဲ နေခဲ့ဖူးလို့ 
၎င်းဟာ သံအမတ်ဗမခနေ၀င်း နဲ့ ရင်းနှီး ပြီး သံရုံး ကို အ၀င်အထွက်၊ အဆက်အသွယ် ရှိသူဖြစ်ကြောင်း သိရပါတယ်။

Hxxxxx မှာနေကြတဲ့ အမျိုးသမီးများ သတိထား ကြပါ၊


သတင်းပေးသူ - နန်းxx



This page is powered by Blogger. Isn't yours?

Subscribe to Posts [Atom]