Saturday, 18 July 2009
ပြည်တော်ပြန်
ထိပ်တန်းအဆိုတော် ထူးအိမ်သင် နှင့်ပူးတွဲကာ ၈၈ နောက်ပိုင်းတွင် နာမည်ကျော်ကြားလာပြီး၊ ၂၀၀၀ခုနှစ်နောက်ပိုင်း၌ ရေဒီယို သီချင်းများဖြင့် တကျော့ပြန် အောင်မြင်ခဲ့သော တေးသံရှင် တဦးမှာ ၂၀၀၈ တွင် UK နိုင်ငံသို့အလည်ခရီး ရောက်ရှိကာ နိုင်ငံရေးခိုလှုံခွင့်(Asylum)လျှောက်တင်ကာ နေထိုင်လာခဲ့သည်။
၂၀၀၉ သင်္ကြန် Colindale ကျောင်းပွဲတွင်သီချင်းဆိုရန် နှုတ်ကတိကို သံရုံးမှ ဟန့်တားမှုကြောင့် ပျက်ကွက်ခဲ့သည်။
၂၀၀၉ ဇူလိုင်လ အတွင်း Home Office UKBA မှ ခိုလှုံခွင့်လျှောက်ထားခြင်း ကို ပယ်ချ(reject) လိုက်ပြီး ၊ ပြည်နှင်(deportation) ရန်အတွက် Heathrow Airport အနီးရှိ ထိန်းသိမ်းရေးစခန်း(detention centre)တွင် ထားရှိကြောင်း မြန်မာစကားပြန် တဦးထံမှ သတင်းရရှိထား သည်။ အပယ်ခံရခြင်းအဓိက အချက်မှာ သန္တာရွှေမင်္ဂလာဆောင်(စိန်စီသောည) တွင်ပါဝင်မှုကြောင့်ဟု သိရှိရသည်။
(နောက်ဆက်တွဲ သတင်းများကို ဆက်လက် တင်ပြပါမည်။)

Subscribe to Posts [Atom]